Local News

ပေါ်ဆန်းမွှေးဆန်၊ ဆန်ကွဲ B(2,3,4)တို့ဈေးတက်၍ ဧည့်မထဆန်(မနောသုခ)၊ ဆန်ကွဲB(1,2)နှင့် ဖွဲနုဈေးများတည်ငြိမ်လျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။

ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၁၁.၄.၂၀၂၅)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၈၀၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ)(သစ်)တစ်အိတ် ၆၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်  တစ်အိတ် ၁၂၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2) တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ် ၄၀၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၂၈၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ (၂၅.၄.၂၀၂၅) ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ) (ဟောင်း)တစ်အိတ် ၈၀၀၀၀ကျပ်၊ ဧည့်မထဆန် (မနောသုခ)(သစ်)တစ်အိတ် ၆၅၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၂၅၀၀ဝကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4) တစ်အိတ် ၄၅၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၂၈၀၀ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

ယခုတစ်ပတ် ကာလတူနှိုင်းယှဉ်ချက်အရ ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၅၀၀၀ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ်၅၀၀၀ကျပ်ဖြင့် ဈေးများမြင့်တက်ကာ ဧည့်မထဆန်(မနောသုခ)ဟောင်း၊ ဧည့်မထဆန်(မနောသုခ)သစ်၊ ဆန်ကွဲB(1,2)နှင့် ဖွဲနုဈေးများတည်ငြိမ်လျက်ရှိပါသည်။ ပေါ်ဆန်းမွှေးဆန် နှင့်ဆန်ကွဲB(2,3,4)ဈေးတို့မြင့်တက်သွားခြင်းမှာ ဝယ်လိုအားများခြင်းကြောင့် ဈေးမြင့်တက်သွား ခြင်းဖြစ်ကြောင်း ပဲခူးကုန်စည်ဒိုင်ဉက္ကဌထံမှ သိရှိရပါသည်။

 ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

Category: Local News